” 𝐓𝐇𝐄 𝐅𝐎𝐑𝐄𝐒𝐓𝐈𝐀𝐒 “
နာမည်မှာပါတဲ့ Forestias ဆိုတဲ့အတိုင်း မြို့ပြရဲ့မွန်းကြပ်မှုတွေမရှိပဲ သဘာဝနယ်မြေထဲမှာ နေထိုင်လို့ရမယ့် သီးခြားကမ္ဘာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Location ကိုကြည့်မယ်ဆိုရင် 𝐓𝐡𝐞 𝐅𝐨𝐫𝐞𝐬𝐭𝐢𝐚𝐬 𝐁𝐚𝐧𝐠𝐧𝐚 က လျှင်မြန်စွာတိုးတက်နေတဲ့ Bangna Area မှာရှိပြီး Bangna-Trad လမ်းမကြီးနဲ့ အနီးဆုံးနေရာမှာရှိပါတယ်။ 157.2 Acres ကျယ်ဝန်းတဲ့မြေရဲ့ 56% က စိမ်းလန်းစိုပြေနေတဲ့တောအုပ်ကြီးဖြစ်တာကြောင့် သဘာဝရဲ့အရသာကိုလည်းခံစားလို့ရမယ်၊ ဘန်ကောက်မြို့ထဲနဲ့လည်း မနီးမဝေး အကွာအဝေးမှာရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

Bangna-Trad လမ်းမကြီးဆိုတာ ဘန်ကောက်မြို့ နှင့် Chonburi (Pattaya) ကို ချိတ်ဆက်ပေးထားတဲ့ အဓိကလမ်းမကြီးဖြစ်ပါတယ်။ စီးပွားရေးနဲ့ဆိုင်တဲ့ Project တော်တော်များများရှိတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ 𝐓𝐡𝐞 𝐅𝐨𝐫𝐞𝐬𝐭𝐢𝐚𝐬 𝐁𝐚𝐧𝐠𝐧𝐚 က ဒီလို စိတ်ဝင်စားမှုမြင့်တက်နေတဲ့ နေရာတစ်ခုမှာ သဘာဝနဲ့အနီးစပ်ဆုံးထိတွေ့ခွင့်ရအောင် ဖန်တီးပေးထားတဲ့ Project တစ်ခုဖြစ်ပါတယ်။

𝐌𝐐𝐃𝐂 ကနေ တာဝန်ယူဆောက်လုပ်ပေးနေတာဖြစ်ပြီးတော့ The Forestias Project ထဲမှာပဲ လူနေထိုင်ဖို့ Residential ၅ ခုအပါအဝင် ဆေးရုံ၊ဟိုတယ်၊Shopping Mall နဲ့ ရုံးခန်းတွေပါဝင်မှာဖြစ်ပါတယ်။
-Residential Projects ထဲမှာဆိုရင်
Whizdom The Forestias ( High-rise Condo များ )
Mulberry Grove ( Condo နှင့် Villa များ )
The Aspen Tree (ဘိုးဘွားအိမ်ရာများ)
Six Senses Residences အစရှိတဲ့ လူနေထိုင်နိုင်မယ့် Residential Projects တွေပါဝင်ပါတယ်။
-Commercial & Business Zones ထဲမှာဆိုရင်
Shopping Malls တွေ, စားသောက်ဆိုင်တွေ , Co-Working Spaces နဲ့ ရုံးခန်းတွေပါဝင်တဲ့အပြင် Premium Brands တွေနဲ့ ဖျော်ဖြေရေးအတွက် ရုပ်ရှင်ရုံတွေလည်းပါဝင်ပါတယ်။
-Healthcare & Wellness Facilities ထဲမှာဆိုရင်
ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေ၊ ဆေးခန်းတွေ၊ Meditation Centers တွေနဲ့ ဇိမ်ခံ Spa တွေအပြင် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ Facilities များစွာပါဝင်ပါတယ်။
-Green & Smart City ထဲမှာဆိုရင်
၁၁၉ ဧကရှိတဲ့ သဘာဝသစ်တောကြီးပါဝင်ပြီးတော့ ထိုင်းနိုင်ငံမှာအကြီးဆုံး Private သစ်တော တစ်ခုဖြစ်ပါတယ်။ လေသန့်စင်စေဖို့အတွက် သစ်ပင်ပေါင်း ၃၀,၀၀၀ ကျော်စိုက်ပျိုးထားပြီး သစ်တောထဲမှာဆိုရင် သစ်တောလျှောက်လမ်းတွေ၊ စက်ဘီးစီးလမ်းတွေလည်းပါဝင်ပါတယ်။ လေသန့်စင်စေဖို့အတွက် Air Con တွေကိုအသုံးမပြုပဲ ရေကိုအသုံးပြုပြီး လေအေးထုတ်ယူတဲ့ Water Cooling System တွေကိုပဲ အသုံးပြုပေးထားပါတယ်။
– Entertainment & Lifestyle Zones
Project အတွင်းနေထိုင်သူတွေအတွက် Concerts တွေ၊ Festivals တွေပြုလုပ်နိုင်တဲ့ ပွဲကျင်းပရာနေရာတွေ၊ သဘာဝပြတိုက်တွေလည်း ထည့်သွင်းဆောက်လုပ်ပေးထားပါတယ်။
သဘာဝရဲ့အလှတရားတွေ၊စိမ်းလန်းစိုပြေမှုတွေကိုခံစားနိုင်မယ့် Mega Project ကြီး The Forestias Bangna မှာ ပါဝင်တဲ့ Condo တွေနဲ့ အိမ်ရာတွေအကြောင်း အသေးစိတ်ကို နောက် Video တွေမှာ ပြောပြပေးသွားပါမယ်။



