ဘန်ကောက်မှာ မိသားစုနဲ့အတူနေထိုင်ဖို့အတွက် ကွန်ဒိုကောင်းကောင်းရှာနေသူအတွက်အရမ်းသင့်တော်သလို ရင်းနှီးမြှုပ်နှံဖို့အတွက် နေရာကောင်းလေးတစ်ခုရှာနေသူတွေအတွက် Nue Mega Plus Bangna ကွန်ဒိုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ Top 10 Developer တွေထဲကတစ်ခုဖြစ်တဲ့ Noble Home Developer က ဆောက်လုပ်နေတဲ့ ကွန်ဒိုတစ်ခုဖြစ်ပြီးတော့ 2025 ခုနစ်မှာ ဆောက်လုပ်ပြီးစီးမှာပဲဖြစ်ပါတယ်။

Condo နဲ့ 10km အကွာမှာ အရှေ့တောင်အာရှရဲ့အကြီးဆုံးဖြစ်လာမယ့် Bangkok Mall shopping center ကြီးကလည်း 2025 မှာဆောက်လုပ်ပြီးစီးတော့မှာဆိုတော့ တန်ဖိုးမြင့်နေရာတစ်ခု ဖြစ်လာမှာသေချာပါတယ်။

Mega Bangna Shopping Mall နဲ့ ဘေးချင်းကပ်လျက်ရှိတာကြောင့် ဈေးဝယ်ထွက်ဖို့အတွက်ရော၊ အစားအသောက်တွေအတွက်ရော အဆင်ပြေစေပါတယ်။ ဒါ့အပြင် BigC extra , Central , IKEA, Homepro, Lotus bangna အစရှိတဲ့ နာမည်ကြီး Shopping Mall တွေလည်းရှိတာကြောင့် တော်တော်လေးအချက်အချာကျတယ်လို့ပြောလို့ရပါတယ်။

နောက်ပြီး MEGA 5- Floor Facilities ပါဝင်တာကလည်း လူကြိုက်များစေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

MEGA 5- Floor Facilities ဆိုတာ –

Mega On the Cloud

– 39 Floor Rooftop GreenScape

– 38 Floor Sky Social Scape

– 37 Floor The Cloud Cateries Club

Mega On the Cloud

– 7th Floor Breeze Court

– G Floor Greenery & Sensory Park တို့ပဲဖြစ်ပါတယ်။

တစ်လွှာချင်းစီမှာ Facilities တွေကို ခွဲပြီးထားထားပေးတာဆိုတော့ Facilities ကောင်းကောင်းကြိုက်သူတွေအတွက် အဆင်ပြေစေမှာပါ။

Security System : CCTV / Access control system / Face Scan for the Lift Lobby on G Fl access / Finger Scan for the parking lift lobby on 2nd to 6th Fl access / 24 – hour Security Guard အစရှိတဲ့ Security System တွေလည်းပါဝင်ပါတယ်။