Condo buying Process

FAQs(အမေးများသောမေးခွန်းများ)

ထိုင်းနိုင်ငံမှာကွန်ဒိုဝယ်ဖို့အတွက် ဘယ် Documents တွေလိုအပ်လဲ ?

ကွန်ဒိုစာချုပ်ချုပ်ရန်အတွက် နာမည်ပေါက်ဝယ်ယူမယ့်သူရဲ့ Passport သာ လိုအပ်ပါတယ်။

အခြားကုန်ကျစားရိတ်တွေကရော ဘာတွေကုန်ကျနိုင်မလဲ?

ကွန်ဒိုနဲ့ ပတ်သက်တဲ့ Fee တွေ Taxတွေက စာချုပ်ချုပ်တဲ့အခါ တစ်ခါတည်းပေးဆောင်ရပြီး Common Fee (သို့) Maintenance Fee ကို Sq.m အလိုက် အနည်းဆုံး ၁ နှစ်စာ ၊ Transfer Fee ပုံမှန်အားဖြင့် အခန်းတန်ဖိုးရဲ့ 2% ကို Developer 1% နှင့် ဝယ်တဲ့သူ 1% ၊ Sinking Fund အခန်းအကျယ်အဝန်းပေါ်မူတည်ပြီး Sq.m အလိုက် ၁ ခါတည်းပေးရမှာဖြစ်ပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ရော မြေအပါလုံးချင်းအိမ် ဝယ်လို့ရနိုင်လား ?

နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံမှာမြေအပါလုံးချင်းအိမ် ဝယ်လို့မရနိုင်ပါ။ ဝယ်လို့ရနိုင်မယ့်နည်းလမ်းအချို့ကို Sky Inno Hub နှင့်ဆွေးနွေးတိုင်ပင်ပြီး ဝယ်ယူနိုင်အောင် ဝန်ဆောင်မှုပေးပါတယ်။

အိမ်၊ခြံ၊မြေ ဝယ်မယ်ဆိုရင် ရှေ့နေလိုအပ်လား?

SKY INNO HUB မှ အတွေ့အကြုံရှိ နားလည်တတ်ကျွမ်းသူများမှတဆင့် အစအဆုံးလိုက်လံဆောင်ရွက်ပေးနေပါတယ်။ အကယ်၍ ဝယ်ယူသူဘက်မှ ရှေ့နေလိုအပ်ပါက ရှေ့နေငှားရမ်းနိုင်ပါတယ်။

Starting Price ဆိုတာဘာလဲ?

Project Website တွေမှာ ရေးထားတဲ့ Starting Price ဆိုတာက အခန်းအရွယ်အစားအသေးဆုံးရဲ့ ရောင်းဈေးကို သတ်မှတ်ထားခြင်းဖြစ်ပြီး အချို့ Project တွေမှာဆိုရင် ဖော်ပြထားတဲ့ Starting Price က Foreign Quota ဈေးနဲ့ မတူတာမျိုးတွေလည်းရှိတတ်ပါတယ်။

ဈေးလျှော့ပေးတာမျိုးတွေရောရှိလား?

Project ပေါ်မူတည်ပြီး မတူညီတဲ့ Promotion နဲ့ Discount ပေးတာမျိုးတွေရှိပါတယ်။ အချို့ Project တွေမှာဆိုရင် Furniture Promotion တွေပေးတတ်သလို အချို့က Fully furnished, Transfer Tax Free, Common Fee ( 1 year ) Free, Sinking Fund Free အစရှိတဲ့ Promotion တွေရှိပါတယ်။

Freehold နဲ့ Leasehold ဘာကွာလဲ?

Freehold ဆိုတာ ဝယ်ယူထားတဲ့ အိမ်ခြံမြေတွေကို အမည်ပေါက်နှင့်နှစ်ရှည် ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပြီး Leasehold ဆိုရင်တော့ နှစ် ၃၀ သာ သက်တမ်းရှိမှာဖြစ်ပါတယ်။ Leasehold တွေရဲ့သက်တမ်း နှစ် ၃၀ ပြည့်သွားတဲ့အခါ အချို့သော Project တွေက သက်တမ်းထပ်မံတိုးလို့ရမှာဖြစ်သလို သက်တမ်းတိုးလို့မရတာမျိုးတွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဝယ်တော့မယ်ဆိုရင် Freehold တွေကိုသာ ရွေးချယ်သင့်ပါတယ်။

FET Form ဆိုတာဘာလဲ?

FET ဆိုတာ Foreign Exchange Transaction လို့ခေါ်တဲ့ နိုင်ငံခြားငွေဖြစ်ကြောင်း ထောက်ခံစာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေအနေနဲ့ အိမ်ခြံမြေဝယ်တော့မယ်ဆိုရင် Foreign Quota တွေကိုပဲဝယ်လို့ရမှာဖြစ်တဲ့အပြင် ဝယ်တော့မယ်ဆိုရင်လည်း နိုင်ငံခြားငွေတွေကို ထိုင်းဘဏ်သို့ တရားဝင်လွှဲပြောင်းထားကြောင်း ထောက်ခံချက် FET Form လိုအပ်မှာဖြစ်ပါတယ်။