FAQs

အမေးများသောမေးခွန်းများ

ထိုင်းနိုင်ငံမှာအိမ်ဝယ်ဖို့အတွက် ဘယ် Documents တွေလိုအပ်လဲ ?

ကွန်ဒိုစာချုပ်ချုပ်ရန်အတွက် နာမည်ပေါက်ဝယ်ယူမယ့်သူ ၁ယောက် သို့မဟုတ် ၂ယောက် ရဲ့ Passport , Phone number , Email , address သာ လိုအပ်ပါတယ်။

အခြားကုန်ကျစားရိတ်တွေကရော ဘာတွေကုန်ကျနိုင်မလဲ?

ကွန်ဒိုနဲ့ ပတ်သက်တဲ့ fees တွေ Taxတွေက စာချုပ်ချုပ်ရင်း တစ်ခါတည်းပေးဆောင်ရပြီး တခြား FET ဖောင်ကြေးတွေကတော့ ကိုယ်ဝယ်တဲ့ agent နဲ့ပဲပေးဆောင်ရပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ရော အိမ်ဝယ်လို့ရနိုင်လား ?

ဝယ်လို့ရပါတယ်။ လုံးချင်းအိမ်အတွက်ဆိုရင် company license လိုအပ်မှာဖြစ်ပြီးတော့ Twin House , Town House , attached House တွေက Passport ရှိတယ်ဆိုရင် ဝယ်လို့ရမှာဖြစ်ပါတယ်။ ကွန်ဒိုဝယ်ယူမယ်ဆိုရင် freehold ရပါမယ်။ လုံးချင်းအိမ်တွေ Townhouse တွေက leasehold နဲ့ပဲရပါမယ်။ ( နှစ်၃၀ စာချုပ် ၃ခါချုပ်ရပါမယ် )

အိမ်၊ခြံ၊မြေ ဝယ်မယ်ဆိုရင် ရှေ့နေလိုအပ်လား?

ရှေ့နေမလိုအပ်ပါ။ SKY INNO HUB မှ တတ်သိနားလည်တတ်ကျွမ်းသူများမှတဆင့် အစအဆုံးလိုက်လံဆောင်ရွက်ပေးနေပါတယ်။

Starting Price ဆိုတာဘာလဲ?

Website ထဲမှာရေးထားတဲ့ starting price တွေကေ Sq.m အကျဉ်းဆုံး၁ခန်းတည်းရဲ့ဈေးလည်းဖြစ်နိုင်သလို ထိုင်းလူမျိုးတွေအတွက် ဖွင့်ဈေးလည်းဖြစ်နိုင်ပါတယ်။

ဈေးလျှော့ပေးတာမျိုးတွေရောရှိလား?

Promotion ပေးတာမျိုးလေးတွေရှိပါတယ်။တချို့က Furniture promotion တွေပေးတတ်သလို တချို့က fully furnished ရယ် Transfer Tax Free , Common Fee ( 1 year ) Free , Sinking Fund Free , တချို့ က Free All အပြင် electrical appliances 4မျိုး ပါဝင်ပါတယ်။

Freehold နဲ့ Leasehold ဘာကွာလဲ?

Freehold က သားစဉ်မြေးဆက် ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပြီးတော့ Leasehold က နှစ် ၉၀ သက်တမ်းရှိမှာဖြစ်ပါတယ်။ Leasehold က သားစဉ်မြေးဆက်ပိုင်ဆိုင်ခွင့်မရှိပဲ စာချုပ်မှာနာမည်ပါတဲ့သူတွေပဲရမှာဖြစ်ပါတယ်
SKY INNO HUB