FAQs

အမေးများသောမေးခွန်းများ

ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဝယ်ယူတော့မယ်ဆိုရင် အရင်ဆုံးသိထားဖို့လိုတာက Freehold နဲ့ Leasehold ပိုင်ဆိုင်မှုအကြောင်းပဲဖြစ်ပါတယ်။ Freehold ဆိုတာက အလွယ်ပြောရရင် အမြဲတမ်းပိုင်ဆိုင်မှုရှိတဲ့ ပိုင်ဆိုင်မှုမျိုးဖြစ်ပြီး Leasehold ဆိုတာကတော့ နှစ်ရှည်အငှားပိုင်ဆိုင်ခွင့်ပဲဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဝယ်ချင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့အိမ်ခြံမြေဥပဒေက နိုင်ငံခြားသားတွေအတွက် တော်တော်လေးတင်းကျပ်ထားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေအတွက် ကွန်ဒိုတိုက်ခန်းတွေဝယ်ယူခြင်းကပဲ ကိုယ်ပိုင်အမည်ပေါက်နဲ့ နှစ်ရှည်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ 

ဒါပေမယ့် ကွန်ဒိုဝယ်မယ်ဆိုရင်လည်း ကန့်သတ်ချက်အချို့က ရှိနေပါသေးတယ်။ 

နိုင်ငံခြားသားတွေက ကွန်ဒိုအဆောက်အအုံရဲ့ 49% ကိုသာ ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပြီးတော့ ရောင်းချမယ့်ကွန်ဒိုရဲ့ စုစုပေါင်းဧရိယာက Foreign Quota လို့ခေါ်တဲ့ နိုင်ငံခြားသားပိုင်ကွန်ဒိုအခန်းစုစုပေါင်းရဲ့ 49% ထက် ပိုလို့မရပါဘူး။ 

ဒါ့အပြင် Freehold နဲ့ Leasehold အကြောင်းကိုလည်း နားလည်ထားဖို့လိုအပ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် နိုင်ငံခြားသားတွေအနေနဲ့ မြေကို ငှားရမ်းခွင့်ရတဲ့ အချိန်ကာလက အများဆုံး နှစ် ၃၀ ရှိပါတယ်။ ဒါပေမယ့်အချို့မြေငှားရမ်းခွင့်တွေမှာဆိုရင် နှစ် ၃၀ ပြီးသွားတဲ့နောက်ပိုင်း ၂ ကြိမ်အထိသက်တမ်းတိုးလို့ ရတာမျိုးတွေလည်းရှိပါတယ်။ မြေငှားရမ်းခွင့်ဆိုတာ မြေရှင်နဲ့ ငှားရမ်းသူတွေကြားမှာ ရေးဆွဲထားတဲ့ သဘောတူညီချက်တွေအပေါ်အခြေခံပြီး မြေစာရင်းရုံးမှာ မှတ်ပုံတင်ထားတဲ့ စာချုပ်ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတစ်ယောက်က လုံးချင်းအိမ် (သို့) ကွန်ဒိုဝယ်တော့မယ်ဆိုရင် Freehold မြေပေါ်မှာဆောက်ထားတဲ့ အိမ်အမျိုးအစားကိုဝယ်ယူပြီး ကိုယ်ပိုင်အမည်ပေါက်နဲ့ နှစ်ရှည်ဝယ်ယူလို့ရပါတယ်။ဒါပေမယ့် ကွန်ဒိုတိုင်းက Freehold မရတတ်တာကြောင့် ဒါကိုလည်းသတိထားဖို့လိုပါတယ်။ 

အရေးအကြီးဆုံးက ထိုင်းနိုင်ငံမှာ လုံးချင်းအိမ် (သို့) ကွန်ဒိုဝယ်တော့မယ်ဆိုရင် Freehold ရမရ / နိုင်ငံခြားသားပိုင်ဆိုင်မှုလို့ခေါ်တဲ့ Foreign Quota ရှိမရှိကို စုံစမ်းစစ်ဆေးပြီးမှသာ ဝယ်ယူသင့်ပါတယ်။

နိုင်ငံခြားသားများ ထိုင်းနိုင်ငံမှာ အိမ်ဝယ်ယူခွင့်ရှိပေမယ့် မြေပိုင်ဆိုင်ခွင့်နှင့်ပတ်သတ်ပြီး တင်းကျပ်တဲ့ကန့်သတ်ချက်များရှိပါတယ်။ ဒါကြောင့် အောက်ပါအချက်များကို သိထားသင့်ပါတယ်။

  1. နိုင်ငံခြားသားများ အိမ်ဝယ်ယူနိုင်ခွင့်

နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံမှာ အိမ်တစ်လုံးကို 100% ပိုင်ဆိုင်ခွင့်နဲ့ ဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် မြေကိုတော့ တိုက်ရိုက်ပိုင်ဆိုင်ခွင့်မရှိပါ။

ထိုင်းဥပဒေအရ နိုင်ငံခြားသားတွေက တိုက်ခန်း (Condominium) ၁ ခန်းကို 100% ပိုင်ဆိုင်ခွင့်ရှိပြီး အဆိုပါကွန်ဒိုရဲ့ နိုင်ငံခြားသားပိုင်ဆိုင်မှုက 49% ထက်မကျော်လွန်ရပါ။

  1. မြေကွက်နှင့်ပတ်သက်တဲ့ ကန့်သတ်ချက်များ

နိုင်ငံခြားသားတွေက မြေကွက်ကို တိုက်ရိုက်ပိုင်ဆိုင်ခွင့်မရှိပါ။ ဒါပေမယ့် အောက်ပါနည်းလမ်းတွေနဲ့ မြေဝယ်လို့ရပါတယ်။ 

– ထိုင်းလူမျိုးတစ်ဦးရဲ့ အမည်ကို အစားထိုးအသုံးပြုပြီး မြေကွက်ဝယ်ယူခြင်း (Nominee သုံးခြင်းက ဥပဒေအရ တရားဝင်မဟုတ်ပါ)။

– ထိုင်းကုမ္ပဏီတစ်ခုတည်ထောင်ပြီး မြေကွက်ဝယ်ယူခြင်း (သို့သော် နိုင်ငံခြားသားများ၏ မြေပိုင်ဆိုင်မှုကို 49% အထိသာ ခွင့်ပြုထားပါတယ်)။

– နှစ်ရှည်မြေငှားရမ်းခြင်း (Leasehold) – နိုင်ငံခြားသားများအနေဖြင့် နှစ် ၃၀ ကနေ နှစ် ၉၀ အထိ မြေငှားရမ်းနိုင်ပါတယ် (အများအားဖြင့် နှစ် ၃၀ သက်တမ်းဖြစ်ပြီး ထပ်မံသက်တမ်းတိုးနိုင်ပါတယ်)။

  1. အိမ်ဝယ်ရာတွင် သတိထားရမယ့်အချက်များ

တိုက်ခန်း (Condominium) ဝယ်ယူလိုပါက အဆိုပါကွန်ဒိုရဲ့ Foreign Quota က 49% ကန့်သတ်ချက်အောက်မှာရှိမရှိကို စစ်ဆေးရပါမယ်။

မြေနှင့်အိမ်ဝယ်ယူလိုပါက Leasehold စနစ်နဲ့သာ ဝယ်ယူနိုင်ပြီး သက်တမ်းကို သေချာစွာ စိစစ်ရပါမည်။

ဥပဒေရေးရာ အကြံဉာဏ်ယူခြင်း – ထိုင်းဥပဒေက နိုင်ငံခြားသားများအတွက် ရှုပ်ထွေးတာကြောင့် အိမ်မဝယ်ယူခင်မှာ ထိုင်းအိမ်ခြံမြေအေဂျင်စီ သို့မဟုတ် ရှေ့နေတစ်ဦးနဲ့ ကြိုတင်တိုင်ပင်သင့်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် တိုက်ခန်း (Condominium) ဝယ်ယူခြင်းက အလွယ်ကူဆုံးနဲ့ အမည်ပေါက်ပိုင်ဆိုင်ခွင့်ရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။ မြေနဲ့အိမ်ဝယ်လိုပါက Leasehold စနစ်လို့ခေါ်တဲ့ နှစ်ရှည်ငှားရမ်းမှုကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

ထိုင်းနိုင်ငံအတွင်း အိမ်၊ ကွန်ဒိုနှင့် မြေကွက်များ ဝယ်ယူရာတွင် မြေအမျိုးအစား (Title Deed) က အလွန်အရေးပါတဲ့ စာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။ မှားယွင်းတဲ့ မြေအမျိုးအစားကို ဝယ်ယူမိပါက ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုနှင့် ဥပဒေရေးရာ ပြဿနာများ ကြုံတွေ့နိုင်ပါတယ်။

Red Garuda (အနီရောင် ဂဠုန်တံဆိပ်)
Chanote (Nor.Sor.4) သည် ထိုင်းနိုင်ငံတွင် အပြည့်အစုံပိုင်ဆိုင်ခွင့် (Freehold) ပေးထားတဲ့ အခိုင်မာဆုံး မြေလက်မှတ်ဖြစ်ပါတယ်။ ဒီလက်မှတ်ကို ပိုင်ဆိုင်ထားတယ်ဆိုရင် မြေနေရာ၊ ဧရိယာ၊ နယ်နိမိတ်နှင့် စာရင်းအမှတ်အစရှိတဲ့ အချက်အလက်တွေကို အတိအကျသိရှိနိုင်ပြီး မြေပိုင်ရှင်အနေနဲ့ လွတ်လပ်စွာ ရောင်းချပိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့်၊ ပေါင်နှံပိုင်ခွင့်နှင့် အမွေဆက်ခံပိုင်ခွင့်များ ရရှိပါမယ်။

ကွန်ဒိုပိုင်ဆိုင်ခွင့်လက်မှတ် (Or Chor 2 / Condo Title Deed)
နိုင်ငံခြားသားတစ်ဦးအနေဖြင့် ထိုင်းနိုင်ငံအတွင်း လွယ်ကူစွာဝယ်ယူနိုင်တဲ့ အိမ်အမျိုးအစားမှာ ကွန်ဒိုတွေဖြစ်ပြီး ပိုင်ဆိုင်မှုလက်မှတ်က Or Chor 2 ဖြစ်ပါတယ်။ ဒီလက်မှတ်ထဲမှာ သီးသန့်ပိုင်ဆိုင်မှုကို ဖော်ပြရုံသာမက Common Area ကိုပါ ပူးတွဲပိုင်ဆိုင်ကြောင်း ဖော်ပြထားပါတယ်။ ကွန်ဒိုရဲ့ တည်နေရာ၊ ဧရိယာ၊ အလွှာ၊ အခန်း၊ ပိုင်ရှင်အမည်စတဲ့ အချက်အလက်များ အပြည့်အစုံပါဝင်ပါတယ်။

Green Garuda (အစိမ်းရောင် ဂဠုန်တံဆိပ်)
Nor.Sor.3.Gor ဆိုတာ မြေအသုံးပြုခွင့်ကို အတည်ပြုပေးထားတဲ့ လက်မှတ်ဖြစ်ပါတယ်။ မြေကွက်ကို ရောင်းချပိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့်၊ ပေါင်နှံပိုင်ခွင့်နှင့် ဘဏ်မှချေးငွေလျှောက်ထားပိုင်ခွင့်များ ရရှိပေမယ့် မြေအလွတ်ထားခွင့်မရှိဘဲ အကျိုးရှိရှိ အသုံးချဖို့ လိုအပ်ပါတယ်။

Black Garuda Deed (အနက်ရောင် ဂဠုန်တံဆိပ်)
Nor.Sor.3 လက်မှတ်ကတော့ မြေပိုင်ဆိုင်ခွင့်ကို မပေးဘဲ အသုံးပြုခွင့်သာပေးအပ်ထားတဲ့ လက်မှတ်ဖြစ်ပါတယ်။ ဒီမြေအမျိုးအစားကို ရောင်းချခွင့်၊ ဝယ်ယူခွင့် သို့မဟုတ် ပေါင်နှံခွင့် မရှိပေမယ့် မိသားစုအတွင်း လက်ဆင့်ကမ်းပေးပို့နိုင်ပါသည်။ နိုင်ငံခြားသားများ ဝယ်ယူဖို့အတွက် မသင့်တော်တဲ့ မြေအမျိုးအစားဖြစ်ပါတယ်။

Blue Garuda Deed (အပြာရောင် ဂဠုန်တံဆိပ်)
Nor.Sor.Kor 4-01 က စိုက်ပျိုးရေးလုပ်ရန် အစိုးရမှ လယ်သမားတွေအတွက် အသုံးပြုခွင့်ပြုထားတဲ့ မြေလက်မှတ်ဖြစ်ပါတယ်။ ဒီမြေအမျိုးအစားကို ရောင်းချခွင့်၊ ဝယ်ယူခွင့်၊ ပေါင်နှံခွင့် သို့မဟုတ် ဘဏ်ချေးငွေလျှောက်ထားခွင့် မရှိပါ။ စိုက်ပျိုးရေးလုပ်ငန်းအတွက်သာ အသုံးပြုခွင့်ရှိပြီး မိသားစုအတွက်တော့ လက်ဆင့်ကမ်းထားခဲ့နိုင်ပါတယ်။

ထိုင်းနိုင်ငံမှာ အိမ်ဝယ်ယူတဲ့အခါ ရှေ့နေငှားရမ်းဖို့ မဖြစ်မနေ မလိုအပ်ပါ။ ဒါပေမယ့် နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ထိုင်းမှာ အိမ်ဝယ်မယ်ဆိုရင် ဥပဒေရေးရာနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ရှုပ်ထွေးမှုတွေရှိတတ်တာကြောင့် ရှေ့နေတစ်ဦးဦးရဲ့ အကူအညီကို ရယူထားမယ်ဆိုရင် ပိုကောင်းပါတယ်။

အထူးသဖြင့် အောက်ပါအချက်တွေရှိရင် ရှေ့နေငှားရမ်းဖို့ စဉ်းစားသင့်ပါတယ်

1. ဥပဒေရေးရာ စစ်ဆေးခြင်း – အိမ်နဲ့ခြံမြေရဲ့ မှတ်ပုံတင်အချက်အလက်တွေ၊ ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းတွေ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါတွေက ထိုင်းဘာသာနဲ့ ရေးထားတာများပါတယ်။
2. ချုပ်ဆိုမှုများ – ဝယ်ယူမှုစာချုပ်၊ ငွေပေးချေမှုနဲ့ ပတ်သက်တဲ့ စာချုပ်တွေကို နားလည်သဘောပေါက်အောင် ဘာသာပြန်ဆိုဖို့ လိုအပ်ပါတယ်။
3. နိုင်ငံခြားသားများ ပိုင်ဆိုင်ခွင့် – ထိုင်းမှာ နိုင်ငံခြားသားတွေအနေနဲ့ တိုက်ရိုက်မြေပိုင်ဆိုင်ခွင့် မရှိပါဘူး။ Condo ဝယ်ယူမှုမှာဆိုရင်လည်း အချို့သောကန့်သတ်ချက်တွေရှိပါတယ်။ ရှေ့နေတွေက ဒီကိစ္စတွေမှာ ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။
4. အခွန်ဆိုင်ရာ ကိစ္စရပ်များ – အိမ်ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ အခွန်တွေ၊ ငွေကြေးတွေ ရှင်းလင်းဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ထိုင်းမှာ အိမ်ဝယ်ယူတဲ့အခါ ရှေ့နေငှားရမ်းဖို့ မဖြစ်မနေတော့ မလိုအပ်ပေမယ့်၊ ဥပဒေရေးရာ ကိစ္စရပ်တွေမှာ စိတ်ချရဖို့အတွက် ရှေ့နေတစ်ဦးဦးရဲ့ အကူအညီကို ရယူဖို့ အကြံပြုပါတယ်။

တိုက်ခန်းအငှား

Sky Inno Hub မှာ ဝယ်ယူခဲ့သောကွန်ဒိုများအား ပြန်လည်အငှားချလိုပါက အမြန်ဆုံးအိမ်ငှားရအောင် ရှာဖွေပေးတဲ့ ဝန်ဆောင်မှုပဲဖြစ်ပါတယ်။ ပြန်လည်အငှားချပေးရာမှာ လူကြီးမင်းတို့အတွက် အဆင်အပြေဆုံးဖြစ်စေမယ့် အိမ်ငှားခရရှိအောင် အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး အိမ်ငှားရှာဖွေပေးပါတယ်။ အဲ့ဒီဝန်ဆောင်မှုအတွက် Service Charges တော့ ကောက်ခံပါတယ်။

တိုက်ခန်းပြန်ရောင်းခြင်း

Sky Inno Hub မှ ဝယ်ယူခဲ့သောကွန်ဒိုများအား ပြန်လည်ရောင်းချလိုပါက လက်ရှိပေါက်ဈေးအတိုင်း ရရှိအောင် ပြန်လည်ရောင်းချပေးပါတယ်။ ပြန်လည်ရောင်းချရာတွင် Sky Inno Hub မှ အတွေ့အကြုံရှိ ကျွမ်းကျင် Salesperson များမှ လူကြီးမင်းတို့ကွန်ဒိုတိုက်ခန်းများအား အမြန်ဆုံးရောင်းထွက်အောင် ပြုလုပ်ပေးနေပါတယ်။ ပြန်လည်ရောင်းချရာတွင် Service Charges တော့ ကောက်ခံမှာဖြစ်ပါတယ်။

အခန်းတွင်း အလှဆင်ခြင်း

Sky Inno Hub မှ ဝယ်ယူခဲ့သောကွန်ဒိုများအား ပြန်လည်ပြင်ဆင်ချင်တာပဲဖြစ်ဖြစ်၊ ထပ်ပြီးအဆင့်မြှင့်တင်ချင်တာပဲဖြစ်ဖြစ် ယုံကြည်စိတ်ချရတဲ့ Decoration service များထံ အပ်နှံပေးပါတယ်။ ကြာမြင့်ချိန်အနည်းဆုံး၊ဈေးနှုန်းအသက်သာဆုံး၊ဒီဇိုင်းလက်ရာအသေသပ်ဆုံး၊အလှပဆုံးဖြစ်အောင်ပြုလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့် ယုံကြည်စိတ်ချနိုင်ပါတယ်။

About Foreign Exchange Transaction