CBD Area နဲ့အနီးဆုံးနေရာမှာ အတန်ဆုံးဈေးနဲ့ရမယ့် Life Charoennakhon Sathorn

Location နေရာကောင်းမယ်၊ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေအတွက် High Rental Demand လည်းရှိမယ်၊ ကျောက်မြစ်ဘေးနားမှာရှိတဲ့အတွက် ကွန်ဒိုတစ်ခုလုံးက River view ရမယ်၊ Facilities အမိုက်စားတွေပါဝင်မယ်။

ဘတ် ၄ သန်းကျော်တည်းနဲ့ ဒီလိုအချက်တွေအားလုံးပါဝင်တဲ့ Life Charoennakhon Sathorn Condo လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Life Charoennakhon Sathorn က ဘယ်နေရာမှာရှိတာလဲ ?

Khlong San ခရိုင်အတွင်းမှာရှိပြီး Krung Thon Buri လမ်းနဲ့ Charoen Nakhon လမ်းထောင့်နားမှာရှိပါတယ်။ ကျောက်ဖရားမြစ်နဲ့ အနီးဆုံးနေရာမှာရှိတဲ့အတွက်ကြောင့် မြစ်ရှုခင်းကို ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။ ကျောက်ဖရားမြစ်ရဲ့တစ်ဖက်ကမ်းမှာဆိုရင် CBD Area ဖြစ်တဲ့ Sathorn Area ကိုရောက်မှာဆိုတော့ Location အရ အချက်အချာကျတဲ့နေရာမှာ တည်ရှိပါတယ်။

သွားရလာရ အဆင်ပြေစေဖို့ အတွက်

Transportation အတွက် BTS အစိမ်းရင့်ရောင်လိုင်းနဲ့ နီးပြီး BTS Krung Thonburi station နဲ့ 900 m သာ ကွာဝေးတဲ့အတွက် လမ်းလျှောက်သွားလို့ရပါတယ်။ ဒါ့အပြင် Gold Line ကလည်း မကြာခင် Extend လုပ်တော့မှာဆိုတော့ သွားရလာရတာ ပိုပြီးအဆင်ပြေလာစေမှာဖြစ်ပါတယ်။

ကျောက်ဖရားမြစ်အနီးမှာရှိတဲ့အတွက်ကြောင့် တခြားဘာတွေလုပ်ဖို့ရဦးမလဲ ?

ကျောက်ဖရားမြစ်အနီးမှာရှိတဲ့အတွက် Sathorn Pier ဆိပ်ကမ်းကနေ Water Bus စီးသွားလို့ရတာဆိုတော့ ကျောက်ဖုရားမြစ်တစ်လျှောက် ကြိုက်တဲ့နေရာကိုသွားလို့ရပါတယ်။ ကွန်ဒိုအတွင်းမှာပါဝင်တဲ့ Panoramic Amitheater မှာဆိုရင် ကျောက်ဖရားမြစ်ရှုခင်းကို Panoramic view နဲ့မြင်ရမယ့်အပြင် Sunset တို့ Night view တို့ကိုလည်းကြည့်လို့ရမှာဖြစ်ပါတယ်။

အနီးအနားမှာ ဘာတွေရှိလဲ ?

Sena Fest Shopping Mall နဲ့ Iconsiam Shopping Mall ကြီးတွေနဲ့ တော်တော်လေးနီးတဲ့အပြင် ကျန်းမာရေးကိစ္စ အဝဝအတွက် Samitivej Thonburi Hospital နဲ့လည်းနီးပါတယ်။ ဒါ့အပြင် Government complex ပြည်ထဲရေးဝန်ကြီးငှာနရုံးချုပ်အသစ်ကလည်း မျက်စောင်းထိုးနေရာလောက်မှာ ဆောက်လုပ်နေဆဲဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင် အစိုးရဝန်ထမ်းတွေအများကြီးရှိမှာဆိုတော့ အငှါးအတွက်တော်တော်လေး ကောင်းလာမှာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ မျက်စိလာကျနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

အခန်းအမျိုးအစားအနေနဲ့ဆိုရင် Simplex နဲ့ High-ceiling simplex ဆိုပြီး နှစ်မျိုးရှိပါမယ်။

Simplex

-1 Bedroom

-1 Bedroom Plus

-2 Bedroom 1 Bathroom နဲ့

-2 Bedroom 2 Bathroom

High-Ceiling Simplex

-1 Bedroom

-1 Bedroom Plus

-2 Bedroom 1 Bathroom

-2 Bedroom 2 Bathroom

အခန်းအမျိုးအစား ရွေးချယ်စရာများတာကလည်း ဒီကွန်ဒိုရဲ့အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

Life Charoennakhon Sathorn က Location နေရာကောင်းတယ်၊ရင်းနှီးမြုပ်နှံချင်တဲ့သူတွေအတွက် High Rental Demand လည်းရှိတယ်၊ အစိုးရရုံး၊ Shopping Mall နဲ့ နီးတဲ့အတွက်ကြောင့် အရောင်းနဲ့အငှါးစျေးပိုလာနိုင်တယ်၊ မြစ်ဘေးနားမှာရှိတဲ့အတွက် ကွန်ဒိုတစ်ခုလုံးက River view ရတယ်။ ဒီလိုအချက်တွေကြောင့် Life Charoennakhon Sathorn က ဘတ် 4.4 Million လောက်မှာ ရွေးချယ်သင့်တဲ့ကွန်ဒိုတစ်ခုပဲဖြစ်ပါတယ်။

Life Charoennakhon Sathorn Condo အကြောင်းကို စိတ်ဝင်စားလို့ အသေးစိတ်သိချင်တယ်ဆိုရင်တော့ အခုပဲ SKY INNO HUB ကို ဆက်သွယ်နိုင်ပါတယ်။